circumvention-tools-mn

SOCKS Proxies

SOCKS ဆိုတာကတော့ ထူးခြားတဲ့ proxy server အဖြစ်သုံးတဲ့ internet protocol တစ်ခုဖြစ် ပါတယ်။ SOCKS proxy များအတွက် default port ကတော့ 1080 ဖြစ်ပြီး အခြားသော port များပေါ်တွင်လည်း သုံး၍ရကောင်းရနိုင်သည်။ normal HTTP proxy တွေနဲ့မတူတာကတော့ SOCKS proxy တွေဟာ web browsing တစ်ခုထဲအတွက် သာမဟုတ်ဘဲ video games, file transfer သို့မဟုတ် instant messenger clients များကဲ့သို့သော applications များအတွက်ပါ အသုံးပြုနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် VPN ကဲ့သို့ပင် secure tunnel တစ်ခုအဖြစ် အလုပ်လုပ် ကြသည်။

လူသုံးများတဲ့ SOCKS version တွေကတော့ 4,4a နှင့် 5 တို့ဖြစ်ပါတယ်။ Version 4 ကတော့ connection တစ်ခုရရှိရန် IP address လိုအပ်ပြီး အဲ့ဒီအချက်ကြောင့်ပဲ client ပေါ်တွင် DNS resolution နေရာယူနေရသည်။ အဲ့ဒီအချက်ကတော့ circumvention လိုအပ်ချက်တော်တော် များများ အတွက်အသုံးမဝင်ပါဘူး။ Version 4a ကတော့ hostnames ကို အမြဲသုံးလေ့ရှိပါတယ်။ Version 5 မှာတော့ authentication, UDP နှင့် IPv6 ကဲ့သို့သော techniques အသစ်တွေပါရှိ ပါတယ်။ ဒါပေမယ့်လည်း ၎င်းသည် တစ်ခါတစ်ရံမှာ IP address များကိုသုံးနေရသောကြောင့် သူသည်လည်း perfect solution တော့ မဖြစ်နိုင်ပါဘူး။ အခု chapter အဆုံးမှာ ရှိတဲ့ “DNS leaks” ဆိုတဲ့ section တွင်ဖတ်ပါ။

Web browser များတင်မကဘဲ အခြားသော internet software များဖြစ်တဲ့ instant messaging နှင့် email applications များကဲ့သို့သော software တော်တော်များများ မှ restrictions များသို့မဟုတ် filters များကို ဖြတ်ကျော်ဖို့အတွက် SOCKS proxy ကို အသုံးပြုနိုင်ပါတယ်။

Public SOCKS proxy များတည်ရှိနေသော်လည်း များသောအားဖြင့် SOCKS proxy များ ကို သင်၏ ကွန်ပျူတာပေါ်တွင် သင်တစ်ဦးတည်းပိုင် အဖြစ် အသုံးပြုနိုင်ပြီး software application တစ်ခုမှ ရရှိနိုင်သည်။ SOCKS tunnel များသည် အလွယ် တကူ ပြောင်းလဲနိုင်သော ကြောင့်ဖြစ်ပြီး အချို့ ဆင်ဆာကျော်လွှားသော software များသည် local proxy တစ်ခု ကို သင်၏ ကွန်ပျူတာပေါ်တွင် ဖန်တီးပေးသည်။ (၎င်းသည် localhost ၏ အမည် သို့မဟုတ် IP address 127.0.0.1 များအဖြစ် ရည်ညွှန်းသည်) ထို local proxy သည် Web Brower ကဲ့သို့ application များကို circumvention software များအပေါ် အမြတ်ထုတ်နိုင်စေသော နည်းလမ်းတစ်မျိုးဖြစ်သည်။ ထိုနည်းလမ်းများ နှင့် အသုံးပြုနိုင်သော Tool များတွင် Tor, Your-Freedom နှင့် PuTTY ဖြင့် တည်ဆောက်ထားသော ssh tunnel များပါဝင်သည်။

Local proxy အသုံးပြုသူများ အကြိုက် T-shirt (နားလည်တယ်ဟုတ်?)

geekfashion

အင်တာနက်ပေါ်ရှိ အခြား system များနှင့် ဆက်သွယ်နေချိန်တွင် ဆင်ဆာကိုကျော်လွှားရန် Application proxy တစ်ခုကိုအသုံးပြုမည်ဆိုလျှင် သင် proxy သုံမည်ဖြစ်ကြောင်း သင့်ကွန်ပျူတာ ရှိ software ကို အသိပေးရမည်။

အချို့သော Internet application များသည် proxy နှင့် အလုပ်မလုပ်ပေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ developer များသည် ၎င်းတို့အား proxy ဖြင့် အလုပ်လုပ်နိုင်ရန် မဖန်တီး ခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း ယင်း software တော်တော်များများ ကို SOCKS proxy ဖြင့်အလုပ်လုပ် စေရန် “socksifier” software ကို အသုံးပြုနိုင်သည်။အောက်တွင် နမူနာ software အချို့ကို ဖော်ပြလိုက်သည်။

Applications များကိုပြင်ဆင်မှုပြုလုပ်ခြင်း

ကိစ္စတော်တော်များများတွင် SOCKS proxy အသုံးပြုရန်အတွက် Application များကို configurate ပြုလုပ်ခြင်းသည် HTTP proxy အသုံးပြုရန် ပြင်ဆင်ခြင်းနှင့် အတူတူနီးပါးဖြစ်သည်။ SOCKS proxy ကိုသုံးနိုင်သော application များတွင် HTTP proxy များ ကို configurate လုပ်သော menu သို့မဟုတ် configuration dialogue ထဲတွင်ပင် SOCKS proxy ကို ပြုပြင်နိုင်သည့် separate entry တစ်ခုပါရှိလိမ့်မည်။ အချို့ application များ သည် သင့်အား proxy setting ကို SOCKS 4 နှင့် SOCKS 5 ကို ရွေးချယ်ခိုင်းမည်ဖြစ်ပြီး ကိစ္စတော်တော်များများ အတွက် SOCKS 5 သည် ပို၍ အသုံးတည့်သော် လည်းပဲ အချို့ SOCKS proxy များသည် SOCKS 4 ဖြင့်သာ အလုပ်လုပ်ကြသည်။

Mozilla Firefox ကဲ့သို့ သော application မျိုးသည် HTTP proxy နှင့် SOCKS proxy နှစ်ခု လုံးကို တစ်ပြိုင်တည်း ပြုပြင်ခွင့်ပေးသည်။ ထိုအခြေအနေမျိုးတွင် သာမန် web-brwoseing အတွက် firefox သည် HTTP proxy ကိုသုံးမည်ဖြစ်ပြီး video streaming ကဲ့သို့သော traffic အတွက် SOCKS proxy ကို သုံးလိမ့်မည်။

Mozilla Firefox

SOCKS proxy ကို အသုံးပြုရန် Mozilla firefox ကို configure ပြုလုပ်ပုံ

  1. ‘Tools’ menu ပေါ်ရှိ ‘Options’ ကို နှိပ်ပါ။

    1_1

  2. ‘Options’ window ပေါ်လာလိမ့်မည်။
    2

  3. Toolbar window ထိပ်ရှိ ‘Advanced’ ကို နှိပ်ပါ။
    3_1

  4. ‘Network’ tab ကိုနှိပ်ပါ။
    4_1

  5. ‘Settings’ ကိုနှိပ်ပါ။ Firefox မှ ‘Connection Settings’ window ပေါ်လာလိမ့်မည်။
    5

  6. ‘Manual proxy configuration’ ကို ရွေးပါ။ ထို Option အောက် ရှိ fields များ ပေါ်လာလိမ့်မည်။
    6a_1

  7. ‘SOCKS proxy’ address နှင့် ‘Port’ number ကို ရိုက် ၍ ‘SOCKS v5’ ကို ရွေးပြီး ‘OK’ ကိုနှိပ်ပါ။
    6a

ယခု ဆိုလျှင် Firefox အား SOCKS proxy ကိုအသုံးပြုရန် ပြင်ဆင်ပြီးဖြစ်ပါသည်။

Microsoft Internet Explorer

SOKS proxy အားအသုံးပြု ရန် အတွက် Internet Explorer ကို configure ပြုလုပ်ပုံ

  1. ‘Tools’ menu ပေါ်ရှိ ‘Internet Options’ ကိုနှိပ်ပါ။
    FLOSS_Manuals__en____Microsoft_Internet__2008_11_12__22_40_02

  2. Internet Explorer သည် ‘Internet Options’ window ကို ဖော်ပြလိမ့်မည်။
    InternetOptions06

  3. ‘Connections’ tab ကိုနှိပ်ပါ။
    Internet_Options__2008_11_12__22_40_09

  4. ‘LAN Settings’ ကိုနှိပ်ပါ။ Internet Explorer သည် ‘Local Area Network (LAN) Settings’ window ကိုပြလိမ့်မည်။
    Local_Area_Network__LAN__Settings__2008_11_13__11_44_41

  5. ‘Use a proxy server for your LAN’ ကို ရွေးချယ် ၍ ‘Advanced’ ကိုနှိပ်ပါ။ Internet Explorer သည် ‘Proxy Settings’ window ကို ပြလိမ့်မည်။


    proxy_settings_6

  6. ရွေးချယ်ပြီးသားဆိုလျှင် ‘Use the same proxy server for all protocols’ ကိုရှင်းပြစ်ပါ။
    proxy_settings_7

  7. ‘Proxy address to use’ နှင့် ‘Port’ numberကို ‘Socks’ row ထဲတွင်ရိုက်ပြီး ‘OK’ ကိုနှိပ်ပါ။
    proxy_settings_5

ယခု ဆိုလျှင် Internet Explorer အား SOCKS proxy ကိုအသုံးပြုရန် ပြင်ဆင်ပြီးဖြစ်ပါသည်။

အခြား application များအတွက် SOCKS proxy ပြင်ဆင်မှုပြုလုပ်ခြင်း

Web browser မဟုတ်သော အခြား Internet application များ သည်လည်း အင်တာနက်ကို ချိတ်ဆက်ရန်နှင့် ပိတ်ဆို့ခြင်းကို ကျော်လွှားရန် SOCKS proxy ကို သုံးနိုင်သည်။ Instant messaging software Pidgin နှင့် နမူနာဖော်ပြလိုက်သည်။ ၎င်းသည်ဖော်ပြနေကျ နမူနာဖြစ်ပြီး SOCKS proxy ကို အသုံးပြုရန် အခြား application များ ကို ပြုပြင်ခြင်းသည် အနည်းငယ်ကွဲပြားလိမ့်မည်။

  1. Tools” ပေါ်ရှိ Preferences ကိုနှိပ်ပါ။
    PidginConfigProxy1_1

  2. Pidgin မှ preferences window ကိုဖော်ပြလိမ့်မည်။
    PidginConfigProxy2_1

  3. Network ခလုတ်ကို နှိပ်ပါ။
    PidginConfigProxy3_1

  4. “Proxy type” အတွက် “SOCKS 5” ကိုရွေးပါ။ ထိုoption အောက်တွင် နောက်ထပ် အကွက်တစ်ကွက် ထပ်ပေါ်လာလိမ့်မည်။


    PidginConfigProxy4_1

  5. သင့် SOCKS proxy ၏ “Host” address နှင့် “Port” number ကိုထည့်ပါ။
    PidginConfigProxy7_1

  6. ‘Close’ ကိုနှိပ်ပါ။

ယခုအခါ SOCKS proxy ကို အသုံးပြုရန် Pidgin ကို ပြုပြင်ပြီးဖြစ်သည်။

Proxy အသုံးပြုပြီးသည့်အခါ

သင် proxy ကို အသုံးပြုပြီးချိန်တွင် အထူးသဖြင့် အများသုံး ကွန်ပျူတာတွင် setting များကို မူလအတိုင်းပြန်ပြောင်းခဲ့ပါ။ ထိုသို့မဟုတ်လျှင် ထို application များသည် ၎င်း proxy ကို ဆက်လက်အသုံးပြုနေလိမ့် မည်။ အကယ်၍ သင်သည် သင် proxy သုံးနေကြောင်းနှင့် အချိန်ပြည့် run မနေသော circumvention application တစ်ခု၏ proxy ကို အသုံးပြုနေကြောင်းလူသိ မခံချင်သော အခါမျိုးတွင် setting များကို မပြောင်းခဲ့ပါက ပြဿနာ ဖြစ်နိုင်သည်။

DNS leaks(DNS ယိုစိမ့်ခြင်း)

SOCKS proxy နှင့် ပတ်သတ်သည့် အရေးကြီးသော ပြဿနာတစ်ခုမှာ SOCKS proxy အသုံးပြု၍ရသော အချို့ application များသည် ၎င်းတို့၏ network communications အားလုံးအတွက် proxy ကို အသုံးပြုမည်မဟုတ်ပေ။ အဖြစ်များသော ပြဿနာမှာ Domain Name System (DNS) တောင်းဆိုမှုများသည် proxy ကို မဖြတ်ဘဲသွားလိမ့်မည်။ ထို DNS ယိုစိမ့်မှုသည် လုံခြုံရေးပြဿနာကို ဖြစ်စေနိုင်ပြီး proxy ဖြင့် ကျော်လွှားလိုက်နိုင်သော DNS blocking မျိုးကို လည်း proxy အားအသုံး မပြုလိုက်ရ၍ ကြုံတွေ့နိုင်သည်။ Application တစ်ခုသည် DNS ယိုစိမ့်မှု ဖြစ်နိုင် မဖြစ်နိုင်မှာ Version တစ်ခုနှင့် တစ်ခု မတူညီပေ။ Mozilla Firefox သည် လက်ရှိအချိန်တွင် DNS ယိုစိမ့်မှုဖြစ်နိုင်သည်။ သို့သော် အောက်ပါ အချက်များ ကို permanent configuration ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

  1. Firefox ၏ address bar ထဲတွင် URL တစ်ခု ရှိနေသကဲ့သို့ about:config ကို ရိုက်ထည့်ပါ။ (advanced settings ပြောင်းလဲသွားသည့် အကြောင်း သတိပေးမှုတစ်ခု ကို သင်တွေ့လိမ့်မည်။)
    becarful

  2. လိုအပ်ပါက သင်၏ browser settings ကို သင် မွမ်းမံ ချင်သည် ကို သေချာစေ ရန် ‘I’ll be careful, I promise! ’ ကို နှိပ်ပါ။ browser သည် စီမံပြုပြင် မှု setting များ၏ အချက်အလက် စာရင်းများကို ဖော်ပြလိမ့်မည်။
  3. ‘Filter’ field ထဲတွင် network.proxy.socks_remote_dns ကိုရိုက်ထည့်ပါ။ ယင်း setting သာဖော်ပြခြင်းခံရလိမ့်မည်။
    search

  4. အကယ် ၍ setting false ပြ နေလျှင် true  ပြန်ဖြစ်စေရန် နှစ်ခါနှိပ်ပါ။

DNS ယိုစိမ့်မှုများကို ရှောင်ရှားရန် Firefox အားစီမံထားသည်။ ၎င်း၏ ရလာဒ် မှန်သည်နှင့် တပြိုင်နက် ယင်း setting သည် အလိုအလျောက် မြဲမြံစွာ သိမ်းသွားလိမ့်မည်။

ပြင်ပမှ Program တစ်ခု ကို မသုံးဘဲ Microsoft Internet Explorer ထဲတွင် DNS ယိုစိမ့်မှုကို ကာကွယ် နိုင်မည့် ဖော်ပြထားပြီးသော နည်းလမ်းမရှိပါ။

ဤအချိန်တွင် SOCKS 5 ဖြင့်အသုံးပြုသော pidgin တွင် DNS ယိုစိမ့်မှုဖြစ်သည်ဟုမကြားမိပါ။