circumvention-tools-mn

စတင်မိတ်ဆက်ခြင်း

 

၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေငြာချက် အစည်းအဝေးမှ ခေတ်သစ်တစ်ခုစတင်ခဲ့သည်။ လက်ဘနွန်လူမျိုး ကျောင်းသား Charles Habib Malik သည် ထိုအစည်းအဝေးနှင့်ပတ်သတ် ၍ အောက်ပါအတိုင်းဖော်ပြခဲ့သည်။

United Nation များ၏အဖွဲ့ ဝင် များသည် လူ့အခွင့် အရေးအား နာခံလိုက်နာမှုရှိခြင်း နှင့် လေးစားမှုကို ရရှိရန် လေးနက်စွာ ကတိပြုခဲ့ကြပြီးဖြစ်သည်။ သို့သော် ထို အခွင့်အရေးများသည် စာရွက်စာတမ်းများတွင် သော်၎င်း နိုင်ငံတစ်ခု၏ ပြယုပ် အဖြစ်သော် ၎င်း ယခင် က တိကျစွာ မပြောခဲ့ကြပေ။ ယခု အကြိမ်သည် လူ့အခွင့်အရေး ၏ စည်းမျဉ်းဥပဒေသ နှင့် အခြေခံ လွတ်လပ်မှုများ ကို ပထမဦးဆုံး အကြိမ်အဖြစ် တရားဝင် တိတိကျကျ ဖော်ပြ ခြင်းဖြစ်သည်။ ကျွန်တော် အခု တိုးမြှင့် ဖို့၊ ရရှိဖို့ နဲ့ နာခံလိုက်နာ မှု ရ ဖို့ ကျွန်တော့် အစိုးရ ကတိပြုထားတာကို သိရှိရ ပြီဖြစ်သည်။ ကျွန်တော် ကျွန်တော့် အစိုးရ ကို သွေးထိုးလှုံ့ ဆော်နိုင် ပါတယ် နောက်ပြီး သူ သူ့ ကတိကို ဖြည့် စွက်နိုင်စွမ်း မရှိ ရင်  ကျွန်တော် တက မ္ဘာ္ဘ လုံး ရဲ့ ကိုယ် ကျင့်တရားကောင်းမွန်အောင် ဆိုဆုံးမ မှုကို ခံယူပါမယ်။

ကမ္ဘာလုံးဆိုင်ရာကြေငြာချက် ဆောင်းပါး အမှတ် ၁၉ တွင် ဖော်ပြခဲ့သော အခြေခံ အခွင့်အရေးများ ထဲမှတစ်ခုမှာ လွတ်လပ်စွာမိန့်ခွန်း ပြောပိုင်ခွင့်ဖြစ်သည်။

လူတိုင်း မိမိအမြင်နှင့် အတွေးအခေါ်ကို လွတ်လပ်စွာမျှဝေပိုင် ခွင့် ရှိသည်။ ထိုအခွင့် အရေးတွင် အတွေးအခေါ်များ ကို ဝင်ရောက်စွက်ဖက်ခြင်း မခံရဘဲ ထင်မြင်ခွင့် ရှိပြီး media မျိုးစုံ နှင့် နယ်ပယ်မျိုးစုံမှ ရသော သတင်းအချက်အလက်များ နှင့် အတွေးအမြင်များကို ရှာဖွေခွင့်၊ လက်ခံခွင့် နှင့် မျှဝေခွင့် များ ရှိသည်။

လွန်ခဲ့သော နှစ်ခြောက်ဆယ်ခန့်က ထိုစကားလုံးများကို ရေးသားခဲ့ချိန်တွင် တစ်ကမ္ဘာလုံးတွင် လူအများ အင်တာနက် ဖြင့် သတင်းအချက်အလက်များ လက်ခံခြင်း၊ ရှာဖွေခြင်း နှင့် ဖန်တီးရနိုင်ခြင်း စသည် တို့ကို မည်သူမှ စိတ်ကူးပင်မယဉ်ကြသေးပေ။ နယ်နိမိတ်များ ကို ဖြတ်သန်းရုံသာမက အံ့သြဖွယ်ကောင်းသော လျှင်မြန်မှု နှင့် ကူးယူနိုင်သော၊ တည်းဖြတ်နိုင်သော၊ ပွားများနိုင်သော၊ ပေါင်းစည်းနိုင်ခြင်း၊ လူများနှင့် သတင်းများ ဝေမျှ ခြင်းတို့သည် ၁၉၄၈ ခုနှစ်ရှိ ဆက်သွယ်မှုများ နှင့် အခြေခံကျစွာ ကွဲပြားလျက်ရှိသည်။

ပိုမိုများပြားသော သတင်းအချက်အလက်များ ကို မှန်းထားသော နေရာများ ၏ ပြင်ပတွင် တွေ့ရှိရ ခြင်း

လွန်ခဲ့သော နှစ်များ ၌ အင်တာနက်ပေါ်တွင် ရှိသော မယုံကြည်နိုင်စရာ ဖွံ့ဖြိုးတိုးတက်မှုများ နှင့် ယင်းတို့ကို ရရှိနိုင်သော နေရာများတွင်  စိတ်ကူးပင်မယဉ်ဘူးသော လူတို့အတွက် ဗဟုသုတများနှင့် မမျှော်လင့်ထားသော နေရာများ ဥပမာ တောင်ပေါ်ဒေသရှိ ဆေးရုံတစ်ခု၊ သင့်၁၂သမီးလေး၏ အိပ်ခန်း၊ သင်၏ ထုတ်ကုန် ပစ္စည်း အသစ် ကို အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်များအားပြသမည့် အစည်းဝေးခန်း နှင့် သင်၏ အဖွားအိမ်စသည် တို့တွင် အကျိုးသက်ရောက်မှုများ ရရှိနိုင်သည်။  

ထိုနေရာများအားလုံးတွင် ကမ္ဘာကြီးသို့ဆက်သွယ်နိုင်မှုသည် လူတို့၏ ဘဝတိုးတက်မှုများ အံသြဖွယ် အခွင့်အရေးများကို ရရှိစေသည်။ သင်၏ အားလပ်ရက်ခရီးသွားနေချိန်တွင် ရှားပါးရောဂါတစ်ခု ဖြစ်ခဲ့လျှင် သင်၏ဆေးစစ်ချက်အဖြေကို ဝေးလံသော ရွာတစ်ရွာ ရှိ ဆေးရုံမှ မြို့ထဲရှိ သို့မဟုတ် အခြားနိုင်ငံ အထူးကုဆရာဝန်ထံပေးပို့ ၍ သင်၏အသက်ကို ကယ်တင်နိုင်ခြင်း၊ သင်၏၁၂သမီးလေး သည် သူမ၏ကျောင်းသင်ခန်းစာများ ကို လေ့လာနိုင်ခြင်း သို့မဟုတ် အခြားနိုင်ငံရှိ ကလေးများနှင့် သူငယ်ချင်းလုပ်နိုင်ခြင်း၊ သင့်ထုတ်ကုန်ပစ္စည်းအသစ်၏ design ကို သင့်အား ကူညီနိုင်သော ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း manager များထံသို့ တစ်ပြိုင်နက် ပြသနိုင်ခြင်း၊ သင့် ညစာစားပွဲ၏ အချိုပွဲ အတွက် apple pie ပြုလုပ်နည်းကို သင်၏အဖွားထံမှ ညတွင်းခြင်းရရှိနိုင်သည်။

သို့သော် အင်တာနက်တွင် ယုံကြည်ရ၍ အသုံးဝင်သော ပညားရေးဆိုင်ရာ သတင်းများ၊ သူငယ်ချင်း ပြုလုပ်ခြင်း နှင့်၊ apple pie တို့သာပါဝင်ခြင်း မဟုတ်ပေ။ ကမ္ဘာကြီးကိုယ်တိုင် ကဲ့သို့ပင်ကျယ်ပြန့်ချင်း၊ ရှုပ်ထွေးခြင်း နှင့် တစ်ခါတစ်ရံ ကြောက်လန့်စရာပင်ကောင်းသည်။ မိုက်ရိုင်းသောလူများ၊ လောဘကြီး သောလူများ၊ တိကျမှုမရှိသော လူများ၊ မရိုးသားသော လူများ၊ သင်ကိုယ်တိုင်၊ သင်၏၁၂ သမီးလေး မှ သင်၏ အဖွား ထိတိုင်အောင် လူပေါင်းစုံအတွက် ကြောက်စရာ ကောင်းလှသည်။

သတင်းအချက်အလက်များ အတားအစီးမရှိစီးဆင်းမှုကို လူတိုင်းမလိုလား

လူတို့၏အကောင်းဆုံး နှင့် အဆိုးဆုံးသဘာဝ တို့သည် အင်တာနက်ပေါ်တွင် ထင်ဟပ်လာပြီး တစ်ချို့သော လိမ်လည်မှုများနှင့် နှောင့်ယှက်မှုများသည် နည်းပညာကြောင့် ပိုမို လွယ်ကူ လာတတ်သည်။ အင်တာနက် တိုးတက်လာခြင်းနှင့် လူတွေ၎င်း ကို မည်ကဲ့သို့ အသုံးပြုနေသည်ကို ထိန်းချုပ်ရန်ကြိုးစား လာခြင်းတို့ အပြိုင်ဖြစ်ပေါ်လာခြင်းကို မအံသြသင့်ပါ။ ထိုကြိုးစားမှုတို့၏ အရင်းခံအကြောင်းမြောက်များ စွာရှိသည်။ ၎င်းတို့ထဲတွင် အောက်ပါအကြောင်းများ ပါဝင်သည်

  • ကလေးများကို မသင့်တော်သော အကြောင်းအရာများ လေ့လာမိခြင်း သို့မဟုတ် ၎င်းတို့ ကို အန္တရာယ် ပေးနိုင်သော လူများနှင့် မဆက်သွယ်မိရန် ထိန်းချုပ်ခြင်း
  • Web site ပေါ် သို့မဟုတ် email များမှ တစ်ဆင့် ဝင်လာနိုင်သော စီးပွားရေးကြောငြာများ တရစပ် ဝင်လာမှုကို လျှော့ချခြင်း။
  • တစ်ချိန်ထဲတွင် အသုံးပြုသူဘယ်နှစ်ဦးက data ပမာဏ မည်ရွေ့မည်မျှ သုံးနိုင်သည်ကို ထိန်းချုပ်ခြင်း
  • အလုပ်သမားများကို သူဌေး၏ ပိုင်ဆိုင်မှု သတင်းအချက်အလက်များကို ဝေမျှခြင်း၊ အလုပ်ချိန်တွင် အသုံးပြုခြင်း နှင့် အလုပ်ရှင်၏ နည်းပညာ အရင်းအမြစ်များကို ကိုယ်ရေးကိုယ်တာ တွင် အသုံးပြုခြင်းမှ တားမြစ်ခြင်း
  • အချို့နိုင်ငံများ ကျောင်းများ တွင် ပိတ်ပင်ထားသော အကြောင်းအရာများ ဥပမာ လိင်သို့မဟုတ် ရုန့်ရင်းကြမ်းတမ်းသော အကြောင်းအရာများ၊ မူးယစ်ဆေး သို့မဟုတ် အရက်သေစာ၊ လောင်းကစားခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း၊ ဘာသာရေးနှင့် သက်ဆိုင်သော သတင်းများ၊ နိုင်ငံရေး သို့မဟုတ် အခြားအကြောင်းအရာများ၊ အန္တရာယ်ရှိမည်ဟု ထင်ရသော အယူအဆများကို ကြည့်ရှု့ခြင်းအားတားမြစ်ခြင်း

အထက်ပါ အချက်များထဲမှ အချို့ သည် လူတို့အားသူတို့ ၏ အင်တာနက် မှ ကိုယ်ပိုင်အတွေ့အကြုံများကို ထိန်းချုပ်စေ သော်လည်း(ဥပမာ လူတို့အား spam များ ၎င်း တို့ ကိုယ်ပိုင် email account များသို့ရောက်စေခြင်းကို ကာကွယ် ရန် spam – filtering tool အားသုံးစေခြင်း) အချို့မှာမူ လူ အချို့ အင်တာနက်ကို မည်သို့အသုံးပြု နေသနည်း နှင့် ထို အုပ်စုထဲမှ မည် သူ အသုံးပြုခွင့် ရ သည် နှင့် မည်သူ အသုံးပြုခွင့် မရ ဟူသော အချက်များကို ပိတ်ပင်ထားသည်။ အသုံးပြု ခွင့် မရသော သူသည် ၎င်း အား ပိတ်ပင်မှုသည် သင့်လျော်သည် ဆို သော အချက် ကို သဘောတူလိမ့် မည် မဟုတ်ဘဲ မကြာသေးမီ က ဖြစ်ခဲ့သော ကိစ္စ္စ္စ္စ္စ္စ များ သည် ထင် ရှားသော ပဋိပက္ခ များနှင့် သဘောထားမညီညွတ်မှုများ ကို ဖြစ်ပွားစေသည်။

 

 

အင်တာနက်ကို မည်သူမှစီစစ် ပိတ်ဆို့နေသနည်း

လူအချို့၏အင်တာနက်အသုံးပြုခြင်းကို ကန့်သတ်ရန်ကြိုးစားသော လူများနှင့် အဖွဲ့အစည်း များ မှာ ၎င်းတို့၏ ရည်ရွယ်ချက်ပေါ်တွင် မူတည်၍ ကွဲပြားကြသည်။ ၎င်းတို့တွင် မိဘများ၊ စီးပွားရေး ကုမ္ပဏီများ၊ အင်တာနက်ကဖေးဆိုင် မှ operator များ သို့မဟုတ် Internet Service Provider (ISP)များ နှင့် အဆင့်အမျိုးမျိုးရှိ အစိုးရအဖွဲ့အစည်းများပါဝင်သည်။

 

အင်တာနက်ထိန်းချုပ်ခြင်း၏ အဆုံးသတ်မှာ နိုင်ငံတွင်းရှိ လူအားလုံး အင်တာနက်သုံး၍ သတင်းများ ရှာဖွေခြင်း သို့မဟုတ် ပြင်ပကမ္ဘာနှင့် သတင်းများ လွတ်လပ်စွာဖလှယ်ခြင်းကို နိုင်ငံအစိုးရမှ လုံးဝတားမြစ် လိုက်ချိန်ဖြစ်သည်။ နိုင်ငံများ မှ နိုင်ငံသားများ၏ အင်တာနက်အသုံးပြုမှုကို စီစစ်ခြင်း နှင့် ပိတ်ဆို့သည့် နည်းလမ်းများကို OpenNet(http://opennet.net/)  အဖွဲ့အစည်းမှ မှတ်တမ်းတင် ထားသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ သတင်း၊ blogများ နှင့် မလိုချင်သော ခြိမ်းခြောက်သည် ဟုယူဆရသော၊ ပုံမှန်အခြေအနေကို နှောင့်ယှက်မည့်webstieများ ကို ကြည့်ရှု့ခြင်း အား တားမြစ်သည့် စီစစ်ခြင်းမူဝါဒများ ကို တွင်တွင်ကျယ်ကျယ် သုံးသော နိုင်ငံများပါဝင်သည်။ အချို့နိုင်ငံများကမူ အင်တာနက်၏အစိတ်အပိုင်း တစ်ခုကိုသာ ပိတ်ပင်ခြင်း သို့မဟုတ် website များ သို့မဟုတ် ရွေးကောက်ပွဲ၊ လူထုဆန္ဒပြပွဲ များ ကိုဖော်ပြထားသော network serviceများကို  မကြာခဏ ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်သည်။ လွတ်လပ်စွာပြောဆိုခွင့် ကို လွန်စွာမပိတ်ပင်သော နိုင်ငံများတောင်မှ တစ်ခါတစ်ရံတွင် ညစ်ညမ်းwebsite များကိုကြည့်ရှု့ခြင်း၊ ခြိမ်းခြောက်စာပို့ခြင်း၊ အကြမ်းဖက်ခြင်း နှင့် အခြား ရာဇဝတ်မှုများ၊ မူပိုင်ခွင့်ဥပဒေ ကိုချိုးဖောက်ခြင်းတို့ကို ပိတ်ပင် စောင့်ကြည့်လေ့ရှိသည်။

စီစစ်ခြင်းမှ စောင့်ကြည့်ခြင်းသို့

မည်သည့် အစိုးရအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းမဆို ၎င်းတို့သံသယ ရှိသည် ဟု ယူဆရသော လူများ၏ အင်တာနက်သုံးစွဲမှုကို စောင့်ကြည့်ရန် နည်းပညာအမျိုးမျိုးကို အသုံးပြုကြသည်။ ၎င်းမှာ မိဘများမှ သားသမီးများ မည်သည့် website များ ကြည့်နေသည် ကို စောင့်ကြည့်ခြင်းမှစ၍ှ အလုပ်သမားများ၏ ဥပဒေအဖွဲ့အစည်းများ သို ပေးပို့သော email များ ကို Internet Service Provider များ မှ ရယူစောင့်ကြည့်ခြင်း အထိဖြစ်နိုင်ပြီး သင်၏ အိမ်ရှိ ကွန်ပျူတာ ကိုတောင်မှ အသုံးချလျက် သင်သည်မလိုလားအပ်သော လုပ်ဆောင်ချက်များ ကို လုပ်ခဲ့သည် ဆိုသောသက်သေများကို ရှာဖွေနိုင်သည်။

မည်သည့်အချိန်တွင် ဆင်ဆာလုပ်ခံရသနည်း

အင်တာနက်ကို မည်သူပိတ်ပင်နေသည် သို့မဟုတ် စောင့်ကြည့်နေသည် နှင့် ပိတ်ပင်ခံရသူ၏   ရှုထောင့် ပေါ်မူတည် ၍ ပိတ်ပင်ခြင်းရည်ရွယ်ချက် များနှင့် နည်းလမ်းများ သည် သဘာဝ ကျ၍ လိုအပ်သည် သို့မဟုတ် လက်မခံနိုင်စရာ ဆင်ဆာ ဖြစ်ပြီး အခြေခံ လူ့အခွင့်အရေး အတွက် မတရားမှုဖြစ်သည် ဟု ကွဲပြားသွားသည်။ ကျောင်းမှ ပိတ်ပင်ထားသော online game များ သို့မဟုတ် facebook ကဲ့သို့ social network ကို အသုံးပြုခြင်သော ဆယ်ကျော်သက် ကျောင်းသား လူငယ်လေး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အကျဉ်းချခံထား ရသည် ဟူသော ခံစားချက်သည် အစိုးရမှ ပိတ်ပင်ထားသော နိုင်ငံရေး သတင်းစာများ ကို ဖတ်ချင်သော လူတစ်ယောင်နှင့် အတူတူ လောက် ပင်ဖြစ်သည်။

 

ငါ့အင်တာနက် ကြည့်ခွင့်ကို ဘယ်သူပိတ်တာလဲကွ

မည်သည့် ကွန်ပျူတာတွင်မဆို မည့်နိုင်ငံတွင်မဆို အင်တာနက်ကို မည်သူ ကန့်သတ်နိုင်သည် ဆိုခြင်းသည် နည်းပညာ၏ အခြေခံအစိတ်အပိုင်းများ ကို မည်သူထိန်းချုပ်နိုင်သည် ဆိုသည် အပေါ်တွင် မူတည်သည်။ ထိုသို့ထိန်းချုပ်ခြင်းသည် ဥပဒေအရ တရားဝင်ထုတ်ပြန်ထားသော ဆက်နွယ်မှုများ သို့မဟုတ် လိုအပ်ချက်များ သို့မဟုတ် အစိုးရ၏ စွမ်းဆောင်ရည် သို့မဟုတ် ပိတ်ဆို့ရန် တောင်းဆိုလာသည်ကို လိုက်နာရန်၊ စီစစ်ရန် သို့မဟုတ် သတင်းစုဆောင်းရန် နည်းပညာကို ဥပဒေအရ ထိန်းချုပ်ခွင့် ရှိသောသူများကို ဖိအားပေးနိုင်သည့် အခြားအဖွဲ့အစည်းများ ပေါ်တွင် မူတည်သည်။ အင်တာနက် အထောက်အကူပြု အခြေခံ အစိတ်အပိုင်း တော်တော်များများ သည် နိုင်ငံတကာ တွင် အစိုးရသို့မဟုတ် အစိုးရလက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သည်။

အင်တာနက်ကို စီစစ်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းသည် အလွန်တာဝန်ကြီးသည် သို့မဟုတ် အလွန် ပေါ့ပါးသည်၊ ရှင်းလင်းစွာ မြင်နိုင်သည် သို့မဟုတ် လုံးဝမမြင်ရပေ။ အချို့နိုင်ငံများ သည် ပိတ်ပင်ခြင်းနှင့် ပိတ်ပင်ထားသည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပြီး ပိတ်လိုက်သော site များ ကို ရှင်းလင်းချက်များ ဖြင့် အစားထိုးထားသည်။ ကျန်သော တိုင်းပြည်များသည် ရှင်းလင်းသော စံမရှိဘဲ တခါတရံ သမရိုးကျ မဟုတ်သော နားလည်မှုများနှင့် ISP များအား filter လုပ်ရန် မသေချာမှု များပေါ်တွင် မူတည် နေသည်။ တချို့နေရာများတွင် စီစစ်ခြင်းသည် technical failure များအဖြစ် ပေါ်လာလေ့ရှိပြီး အစိုးရသည် ပိတ်ဆို့ခြင်း သေချာစဉ်းစားနေချိန်တွင် လုံးဝတာဝန်ယူခြင်းမရှိ သို့မဟုတ် သေချာမှုမရှိပေ။ တိုင်းပြည်တစ်ခုထဲ မှာပင် ကွဲပြားခြားနားသော network operator များ နှင့် စည်းမျဉ်းတစ်ခုထဲမှ  ဘာသာ ရပ်များ သည် ပင် စီစစ်ခြင်းအား အနည်းငယ် ခြားနားသော နည်းလမ်းများ ဖြင့် သတိပေးချက် များသို့မဟုတ် နည်းပညာဆိုင်ရာ လျစ်လှူရှုမှုများ ထဲမှ လုပ်ဆောင်နိုင်သည်။

ဖြစ်နိုင်မှုရှိသော စီစစ်ခြင်း level အမျိုးမျိုးတွင် (တစ်ဦးချင်းစီမှ တိုင်းပြည်တစ်ပြည်လုံး) အထိ နှစ်လိုဖွယ် မရှိဟု သတ်မှတ်ထားသော ပိတ်ဆို့ခြင်းများ ၏ နည်းပညာဆိုင်ရာ အခက်အခဲများ ကို မျှော်မှန်းမထား ခြင်း နှင့် ရံဖန်ရံခါ ရယ်ဖွယ် ကောင်းသော နောက်ဆက်တွဲများ ရှိနိုင်သည်။ ‘Family - friendly’ စီစစ်ခြင်းများ အား  အသုံးဝင်သော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ သို့ ကြည့် ရှုခွင့် ကို ကာကွယ် သော လိင်မှုဆိုင်ရာ ပစ္စ္စ္စ္စ္စ္စည်း များအား ပိတ်ပင်ရန် အတွက် ရည် ရွယ် ထားသည်။ spam များကို တားမြစ်ရန် ကြိုးပမ်းမှု သည် အရေးကြီးသော စီးပွားရေးစာပေးစာယူများကို စစ်ထုတ်နိုင်သည်။ သတင်း များဖော်ပြထားသော site များကြည့်ရှုခွင့် ကို ပိတ်ပင်ရန် ကြိုးပမ်းမှုသည် လည်း တန်ဖိုးကြီးသော ပညာရေး ရင်းမြစ်များကို ဖြတ်တောက်နိုင်ပေသည်။

စီစစ်ခြင်းကို ရှောင်ကွင်းရန် မည်သည့် နည်းလမ်းရှိ သနည်း။

တစ်ဦးချင်းစီကဲ့သို့ပင် ကော်ပိုရေးရှင်းများ နှင့် အစိုးရများ သည် အင်တာနက်အား ထိန်းချုပ်ရမည့် အန္တရာယ် ရှိသော သတင်းအချက်အလက်များ ၏ ပင်မရင်းမြစ်အဖြစ် မြင်ကြသည်။ အင်တာနက်ပေါ်တွင် ရှိသော သတင်းအချက်အလက်များသည် အလိုရှိသော လူတိုင်းအတွက် အခမဲ့ ရရှိ နိုင် ပါသည် ဟူသော အချက်ကို သေချာအောင် ကြိုးပမ်းလုပ်ဆောင်နေသော တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်း များစွာ ရှိသည်။  ထိုလူများ သည် အင်တာနက်အား ထိန်းချုပ် ရန် အတွက် လှုံ့ဆော်မှုအမျိုးမျိုးအား ရှာဖွေ နေ ကြသည်။ သို့သော်လည်း အင်တာနက်အသုံးပြုခွင့် အား ပိတ်ထားခြင်းခံရ ပြီး ထိုအချက်အား တစ်ခုခု လုပ် ချင်နေသူများအတွက် မိန်းကလေးသူငယ်ချင်းများ နှင့် chat ချင်သူများ ကြောင့် tool များ တိုးတက်ပြောင်းလဲလာခြင်း၊ နိုင်ငံရေးကြေညာ စာတမ်းများ ရေးခြင်း သို့မဟုတ် spam များပို့လွှတ်ခြင်း များသည် အရေးပါအရာရောက်ခြင်းမရှိပေ။


စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်မယူသော volunteer အုပ်စုများ မှ များပြားသော အင်အားများကို အင်တာနက် ဆင်ဆာ အားကျော်လွှားရန် ကိရိယာများနှင့် နည်းစနစ်များ ကို ဖန်တီးရာတွင် အသုံးပြုကြသည်။အချို့ နည်းစနစ်များသည် ထူးခြားသော software များမလိုအပ် ဘဲ တူညီသော သတင်းအချက်အလက်များ ကို မည်သည့် နေရာတွင် ရှာဖွေ ရမည်နည်းဟူသော ပညာသာလိုအပ် သည်။ Programmer များသည် ကွဲပြားခြားနားသော စီစစ်ခြင်းများ နှင့် ပိတ်ဆို့ခြင်းများ ကို ပိုမို ရှာပေးနိုင်သည့် tool များကို တီထွင် ခဲ့ပြီးဖြစ်သည်။ ထို tool များသည် (ရံဖန်ရံခါ ‘circumvention tools’ ဟုခေါ်သည်) internet အသုံးပြုသူများအား သူတို့မမြင်နိုင်မည့် သတင်းအချက်အလက်များ ကို ကြည့် ရှုရာ၌ အကူအညီပေးသည်။  

ဆင်ဆာကျော်လွှားခြင်း ကိရိယာများကို အသုံးပြုခြင်း၏ ဆိုးကျိုးများ

အင်တာနက်ကြည့်ရှုခွင့် ပိတ်ပင်မှုကို ကျော်လွှားရန် မျှော်လင့်ချက် ရှိသော သင်သာလျှင် သင် လို ချင်သော သတင်းအချက်အလက်များသည် မြင်သာသောဘေးထွက် ဆိုးကျိုးများ ရှိသည် မရှိသည် ဆိုသော အချက်ကို ဆုံးဖြတ်နိုင်ပေမည်။ ထို့အပြင်သင်သာလျှင် ဆိုးကျိုးနှင့် အကျိုးအမြတ်ကို များမများ ဆုံးဖြတ်နိုင်ပေမည်။အထူးသဖြင့် သင်လိုချင်သော သတင်းအချက်အလက်များ အား ပိတ်ဆို့ခြင်း သို့မဟုတ် ကြည့်ရှုခြင်း များ အတွက် ဥပဒေမရှိချေ။ တနည်းဆိုရသော် တရားဝင်ပိတ်ဆို့မှုမရှိခြင်းဆိုသည် မှာ သင်သည် အခြားနောက်ဆက် တွဲ ဆိုးကျိုးများ(ဥပမာ အနှောင့် အယှက် သို့မဟုတ် သင် အလုပ်ကို ဆုံးရှုံးခြင်း) ကို ရင်ဆိုင်စရာ မလို ဟုဆိုလိုခြင်းမဟုတ်ပေ။



your comment:
name :
comment :

If you can't read the word, click here
word :